မာတိကာပါမလာတဲ့
စာမျက်နှာအချင်းချင်း
ဘာကိုမှအတင်းကြီးမတောင်းဆိုမိအောင်နေမယ်
တိတ်ဆိတ်မှုက ဆူလိုက်တာလို့ ရေရွတ်လာတဲ့အထိ
ညတွေကို ခြူဆွဲနေသူ။
စာမျက်နှာအချင်းချင်း
ဘာကိုမှအတင်းကြီးမတောင်းဆိုမိအောင်နေမယ်
တိတ်ဆိတ်မှုက ဆူလိုက်တာလို့ ရေရွတ်လာတဲ့အထိ
ညတွေကို ခြူဆွဲနေသူ။
ဘုရားဟောထဲက Suicide လုပ်သွားတဲ့ ရဟန်းတစ်ပါးအကြောင်း
နောက်ဆုံးဇောအထိ ရင်ခုန်ဖူးတယ်
မြင်နေရတဲ့ နာကျင်မှုကို မမြင်ရတဲ့အခါ
ဘဝဟာ ဖက်ရွက်ကလေးပမာ။
နောက်ဆုံးဇောအထိ ရင်ခုန်ဖူးတယ်
မြင်နေရတဲ့ နာကျင်မှုကို မမြင်ရတဲ့အခါ
ဘဝဟာ ဖက်ရွက်ကလေးပမာ။
မဂ္ဂင်ရှစ်ပါးဘုတ်အုပ်ကိုဖွင့်
အဆုံးထိ လှန်လိုက်မိတဲ့ဖဲချပ်ဟာ
ကြောက်စရာကောင်းလောက်အောင် လှလို့။
အဆုံးထိ လှန်လိုက်မိတဲ့ဖဲချပ်ဟာ
ကြောက်စရာကောင်းလောက်အောင် လှလို့။
1 comments:
တိတ်ဆိတ်မှုဆိုတာ အဆူညံဆုံးပါ ဘုရား ... _/\_
Post a Comment