Monday, May 8, 2017


သွေးအမျိုးအစားက
တိတ်ခွေတစ်ခွေရဲ့ A ဆိုဒ် B ဆိုဒ်
အမြဲတမ်းဆန့်ကျင်ဘက်အရပ်ကို မျက်နှာမူတယ်
မြေကြီးမဆန်ဘူး
မိုးရေကိုသာ သောက်ချိုးတယ်
ရွှဲရွှဲစိုတဲ့ ဝပ်ကျင်းကို ကျောင်းသင်္ခမ်းလုပ်နေထိုင်တယ်
ဘယ်သူဘာပြောပြော
အကြောတင်းတာလေးဟာ ပိတ်ကန်ချင်စရာ
ကိုယ့်ဘက်က စရမယ်ဆိုရင်
ပြောလိုက်ပါတော့
“လျှာပေါ်က မြက်တောဟာ ရှုမျှော်ခင်း” လို့။

1 comments:

Han said...

ပရိုဖိုင်(၂)
အကြောတင်း
ဆိုပြီးတာဘဲ ဘုရား ... :P
_/\_