Tuesday, May 2, 2017

မာတိကာပါမလာတဲ့
စာမျက်နှာအချင်းချင်း
ဘာကိုမှအတင်းကြီးမတောင်းဆိုမိအောင်နေမယ်
တိတ်ဆိတ်မှုက ဆူလိုက်တာလို့ ရေရွတ်လာတဲ့အထိ
ညတွေကို ခြူဆွဲနေသူ။
ဘုရားဟောထဲက Suicide လုပ်သွားတဲ့ ရဟန်းတစ်ပါးအကြောင်း
နောက်ဆုံးဇောအထိ ရင်ခုန်ဖူးတယ်
မြင်နေရတဲ့ နာကျင်မှုကို မမြင်ရတဲ့အခါ
ဘဝဟာ ဖက်ရွက်ကလေးပမာ။
မဂ္ဂင်ရှစ်ပါးဘုတ်အုပ်ကိုဖွင့်
အဆုံးထိ လှန်လိုက်မိတဲ့ဖဲချပ်ဟာ
ကြောက်စရာကောင်းလောက်အောင် လှလို့။

1 comments:

Han said...

တိတ်ဆိတ်မှုဆိုတာ အဆူညံဆုံးပါ ဘုရား ... _/\_