Tuesday, May 2, 2017

“ပါရမီတွေ ပွင့်ပါရစေ”
ရေးထားတဲ့စာတိုလေးတစ်ကြောင်း ခေါင်းခုပြီးအိပ်တယ်
မနက်မိုးလင်းတိုင်း ညှိုးနေတဲ့ဘုရားပန်းအိုးလေးပဲတွေ့
ကတုန်ကယင်နဲ့
မြတ်ဗုဒ္ဓရှေ့ ဒူးထောက်၍တောင်းပန်
အပြန်အလှန်ခေါ်သံတွေကြား
အမှတ်အသားတစ်ခုထက်မပိုတဲ့
အမှန်နဲ့အမှားဟာ ဝေဒနက္ခန္ဓာ
နောင်တဆိုတာ
ဘယ်လောက်ပျိုးပျိုး စိမ်းလန်းစိုပြေဖို့မှ မရှိပဲ
ကဲပါ
အရိမေတ္တေယျဘုရားထိတောင်
မိုက်ဖို့သာ ရည်စူးထားသူမို့
ဖူးတဲ့အထိ စောင့်မနေပါရစေနဲ့တော့။

1 comments:

Han said...

မိုက်ရတာ မိုက်တယ် ဘုရား ... :P
_/\_ _/\_ _/\_