Friday, May 12, 2017


တိမ်တွေနဲ့အရောတဝင်မလုပ်ပါနဲ့
အမှန်တရားတိုင်း 
မှန်နေတာမှ မဟုတ်တာ
ဘာကို ကိုးကွယ်နေအုံးမှာလဲ

ဝလုံးကလေးရဲ့အစဟာ အဆုံးမို့
စိတ်မလုံခြုံတဲ့အခါ
ရေပူရေချမ်းကမ်းပေးပါ
ခြေနှစ်ချောင်းလဲ (တကယ်တော့) ကယ်ကောင်းပါတယ်။
ရှင်မားရု
၁၂၀၅၂၀၁၇

1 comments:

Han said...

အမှန်တရားတိုင်း မှန်နေတာမှ မဟုတ်တာ ဆိုတာမှန်တယ် ဘုရား ... _/\_