Saturday, June 27, 2015

လက်မှတ်ထိုးဝင်ရတဲ့
မစ္စတာဘင်းန်တို့ ရိုက်ကွင်း
သတ်သတ်လွတ်စားတဲ့ ဒေဝဒတ်ဟာ
ပုဇွန်အစိတ်သားကို
ရေခဲသေတ္တာထဲ သိမ်းထားတယ်
အမြော်အမြင်ကြီးသူကြီ:ပေါ့ ကလေးတို့ရယ်

တစ်ခါတလေ လက်ဝှေ့ကြိုးဝိုင်း
ပြည်သူ့အချစ်တော်ဟာ
မေဝယ်သာကိုတော့ မနိုင်ဘူး
(တောထွက်ကြီး ညည်းသလို ဝါတဲ့ဗျာ..ဝါ ဝါ)

ရုပ်မြင်သံကြားကနေ
လုပ်ကြံမှုတွေ နေ့တိုင်းထုတ်လွှင့်တယ်
ငါးတွေဟာ ဆေးမိနေသလိုလို
ရင်ထဲမှာတော့ နယူးယောက်နဲ့ အသွားအပြန်လုပ်နေကြ
နှောင်းလူတွေကို ပုံပြင်လို ပြောပြဖို့
လက်ရှိမှာ အနာဖေးခွာရတာ အရသာရှိတုန်း။

ရှင်မားရု
၂၆၀၆၂၀၁၅

3 comments:

Han said...

ဆရာတော် ပြန်လာရင် လေဆိပ်မှာ …
အတွေးအရေးကောင်းလို့ အင်တာဗျူး ချင်လို့ပါတဲ့ဘုရာ့။
:D

Anonymous said...

မပြန်ချင်တာနဲ့ အတော်ပဲ  :D

Han said...

ဆက်ရေးပါဘုရား …
အရှင်ဘုရားနောက်မှာတပည့်တော်တို့ရှိတယ်။
:P