လက်မှတ်ထိုးဝင်ရတဲ့
မစ္စတာဘင်းန်တို့
ရိုက်ကွင်း
သတ်သတ်လွတ်စားတဲ့
ဒေဝဒတ်ဟာ
ပုဇွန်အစိတ်သားကို
ရေခဲသေတ္တာထဲ
သိမ်းထားတယ်
အမြော်အမြင်ကြီးသူကြီ:ပေါ့
ကလေးတို့ရယ်
တစ်ခါတလေ
လက်ဝှေ့ကြိုးဝိုင်း
ပြည်သူ့အချစ်တော်ဟာ
မေဝယ်သာကိုတော့
မနိုင်ဘူး
(တောထွက်ကြီး
ညည်းသလို ဝါတဲ့ဗျာ..ဝါ ဝါ)
ရုပ်မြင်သံကြားကနေ
လုပ်ကြံမှုတွေ
နေ့တိုင်းထုတ်လွှင့်တယ်
ငါးတွေဟာ
ဆေးမိနေသလိုလို
ရင်ထဲမှာတော့
နယူးယောက်နဲ့ အသွားအပြန်လုပ်နေကြ
နှောင်းလူတွေကို
ပုံပြင်လို ပြောပြဖို့
လက်ရှိမှာ အနာဖေးခွာရတာ အရသာရှိတုန်း။
လက်ရှိမှာ အနာဖေးခွာရတာ အရသာရှိတုန်း။
ရှင်မားရု
၂၆၀၆၂၀၁၅
3 comments:
ဆရာတော် ပြန်လာရင် လေဆိပ်မှာ …
အတွေးအရေးကောင်းလို့ အင်တာဗျူး ချင်လို့ပါတဲ့ဘုရာ့။
:D
မပြန်ချင်တာနဲ့ အတော်ပဲ :D
ဆက်ရေးပါဘုရား …
အရှင်ဘုရားနောက်မှာတပည့်တော်တို့ရှိတယ်။
:P
Post a Comment