Thursday, June 25, 2015


(က)
“မှားရေးမိတဲ့ ဘဝစာမျက်နှာတစ်ချို့ကို ခဲဖျက်လေးနဲ့ ပြန်ဖျက်ခွင့်ရရင် ဖျက်ပစ်ချင်တာ များ ရှိပါသလား။ ဒါမှမဟုတ် အဲဒီလိုမှော်ဝင်ခဲဖျက်လေး တောင့်တဖူးပါသလား။ “ယက်စ်” ဆိုရင်တော့ သင်ဟာ လူသားတစ်ယောက်ဖြစ်တာ သေချာသွားပါပြီ။

(ခ)
ငယ်ငယ်က ပိန်ချွန်းချွန်း ဝလုံးကလေးတွေကို အကြိမ်ကြိမ်ဖျက်ဖူးကြမယ်ထင်ပါတယ်။ မိဘ သို့မဟုတ် ဆရာတွေရှေ့မှာ ချီးကျူးခံရတဲ့ ဝလုံးကလေးအဖြစ် သူကိုယ်တိုင်ဖြူစင် ခဲ့ဖူးတယ်။နောက်တော့ သင်ပုန်းကြီးကစလို့ လက်ရှိဘဝအထိ တစ်စတစ်စနဲ့ ခဲဖျက်မ​ လောက်တော့တဲ့ အမှားတွေဟာ ဖျက်လို့မကုန်နိုင်လောက်အောင်ပါပဲ။ မဖြစ်နိုင်ပါဘူး။ သို့ပေမယ့်ပေါ့လေ ၊အမှားတွေကို ဖျက်လို့ရတဲ့ ခဲဖျက်ကလေးများ ရှိခဲ့ရင် မိတ်ဆွေလည်း လိုချင်မယ်လို့ ထင်ပါတယ်။

(ဂ)
လူအများရှေ့မှာ အရှက်ကွဲခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုခု လူတိုင်းမှာ ရှိနေနိုင်သလို သိသိ နဲ့ ဇွတ်တိုး မိုက်ခဲ့တဲ့အပြစ်တွေအတွက်လည်း ခဲဖျက်လိုမှာပါပဲ။ ဒါ့ကြောင့်လည်း ဘာသာ တရားတိုင်းမှာ အာပတ်ဖြေခြင်းဆိုတဲ့ အခန်းကဏ္ဍဟာ ခဲဖျက်အစား အရေးပါနေဆဲလို့ ထင်ပါတယ်။ (လွတ်လပ်စွာ သဘောထားကွဲလိုက ကွဲနိုင်ပါတယ်) ။ နောက်ပြီး ကိုယ့်ဘဝ မှာ အရေးအပါဆုံးလို့ သတ်မှတ်ထားတဲ့တစ်ယောက်ယောက်အပေါ် အနိုင်ယူခဲ့ပြီးနောက် ပြန်ရခဲ့တဲ့ နာကျင်မှုတွေအတွက် ။ဒါမှမဟုတ် အရာရာ ပြီးပြည့်စုံတဲ့ ဘဝတစ်ခု ဖန်တီးဖို့ ဆိုတဲ့ ထင်တစ်လုံးနဲ့ နှစ်ယောက်တစ်အိပ်မက်တို့ အလွန်က နောင်တတွေအတွက် ည တာတွေ ရှည်ဖူးကြမှာပါ။

(ဃ)
အထက်ပါ မေးခွန်းနဲ့ ပက်သက်လို့ ဂျပန်ပြည်ရဲ့ ခံတံနဲ့ ခဲဖျက်ထုတ်လုပ်တဲ့ ကုမ္မဏီတစ် ခုက ဂျပန်လူမျိုးအယောက် (၁၀၀၀) ကို စစ်တမ်းကောက်ထားတာရှိတယ်။ အမျိုးသား ရယ်၊အမျိုးသမီးရယ်၊ကလေးရယ်ဆိုပြီး သုံးမျိုးခွဲထားတယ်။ အရွယ်ရောက်ပြီး အမျိုးသား နဲ့ အမျိုးသမီးတွေကတော့ “အရှက်ကွဲခဲ့ရတဲ့ အဖြစ်အပျက်” လို့ ဖြေကြပါတယ်။ ဆိုပါစို့ အလုပ်ထဲမှာ အိပ်ငိုက်ပြီး ကယောင်ကတန်းတွေ ထပြောမိတော့ လူတွေဝိုင်းရယ်ခံရတာ။ ဆုနှင်းသဘင်ပွဲ၊ မင်္ဂလာပွဲတွေမှာ အခမ်းအနားမှုးလုပ်တုန်း ဘောင်းဘီဇစ်ပွင့်နေတဲ့အဖြ စ်မျိုးတွေဟာ ပြန်တွေးမိတိုင်း ပင်ပန်းရလို့လို့ ဆိုပါတယ်။ ကျောင်းသားတွေကတော့ စာမေးပွဲမှာ ရမှတ်နည်းတာကို ဖျက်ပစ်ချင်တာပါတဲ့။

(င)
စစ်တမ်းကောက်တဲ့ အဖွဲ့ရဲ့ မှတ်ချက်က စိတ်ဝင်စားဖို့ ကောင်းပါတယ်။  တကယ်လို့သာ သူတို့ကုမ္မဏီက ဘာမဆို ဖျက်လို့ရတဲ့ ခဲဖျက်ထုတ်နိုင်ခဲ့ရင် ကမ္ဘာမှာ ရောင်းအားအကော င်းဆုံး ကုန်ပစ္စည်းဖြစ်လာနိုင်တယ်။ ဒါပေမယ့် သတိတော့ ထားရမယ်။ ကိုယ်မုန်းတဲ့ လူတွေကို အဲဒီ ခဲဖျက်နဲ့ အပြီးတိုင် ဖျက်ပစ်ချင်တဲ့ လူတွေလည်း ရှိနေလို့ပါတဲ့။ သူ့မှာ လည်း တိုးတိုးတိတ်တိတ် ဖျက်ပစ်ချင်နေတာ ရှိပါတယ်။ ဘဝရဲ့ ကန့်ကူလက်လှည့်ဆရာ ကြီး “ဦးအဝိဇ္ဇာ”ကိုပါ။

ရှင်မားရု

၂၅၀၆၂၀၁၅

3 comments:

Han said...


ပြီးခဲ့တာတွေ အတွက်တော့ “နိုး” ပါဘုရား …။ (အကြောင်းရှိလို့ဖြစ်ခဲ့တယ်ဘဲမှတ်ယူမိပါ၏ဘုရား …။)
အရှိအတိုင်းသာလက်ခံသူဖြစ်သည်ကြောင့် ဘာအတွက်မှ မဖျက်ချင်ပါဘုရား …။
ဘယ်သူတွေဘာထင်ထင် ဂရုမစိုက်တတ်တဲ့အကျင့်လေးကြောင့်အရှက်ကွဲတယ်ရယ်လို့မထင်မိပါဘုရား …။
မုန်းချင်ရင် သတိမရတဲ့အထိမေ့ပစ် တော့ကာ … ဖျက်ဘို့အထိအရေးလုပ်စရာမလိုပါဘုရား။
အဲဒီ ခဲဖျက်တော့တပည့်တော် အတွက်မလိုပါဘုရား …။
:D

Thuta said...

ခဲဖျက်ဖိုးနဲ့မွဲမှာစိုးလို့ အသစ်ကဘဲစတယ်ဘုရား … နေ့တိုင်းဘဲဆိုပါတော့ဘုရား ။
:P

Lin said...

အဲဒီခဲဖျက်မလာခင် တော့ မရှိမဖြစ်အမှိုက်တောင်းနဲ့ဖြေရှင်းနေတယ်ဘုရား …။