Tuesday, December 20, 2016

ခရုခွံတွေ ပြန့်ကြဲနေတယ်
ငါသူတပါးယောကျာ်းမိန်းမဆိုတာ ပဲပြုတ်သည်လိုပဲ
"စိတ္တဇတွေရမယ် ဟောဒီ့က စိတ္တဇတွေ”
ဘယ်သွားသွား လူတွေက ဂရုစိုက်ကြည့်နေတယ်လို့ထင်တာ စိတ္တဇ၊
တစ်ယောက်ထဲရှိနေတဲ့အခါ အမှားတွေ ကျူးလွန်တတ်ပြီး
နှစ်ယောက်သုံးယောက်ဖြစ်လာရင် မနေတတ်တော့တာ စိတ္တဇ၊
ကိုယ်က ထူးဆန်းနေတဲ့အခါ လူတွေကိုပါ ထူးဆန်းပစ်လိုက်တာ စိတ္တဇ၊
အပေါ့အငန်မညီမျှတဲ့လူမှုဘဝတွေကြား ကြုတ်ကြတ်လိလိုက်ရတာစိတ္တဇ၊
စိတ္တဇဆေးရုံပေါ်က ဆရာဝန်ဟာ စိတ္တဇ၊
လူနာတွေဟာ စိတ္တဇ၊
သူကိုယ်တိုင်လည်း စိတ္တဇ၊
ဝိပလ္လာသ မကင်းသေးတဲ့အခါ
ခရုခွံလေးတွေဟာ ဒီလိုပဲ စကားပြောနေအုံးမှာ။
ရှင်မားရု
၃၀၁၁၂၀၁၆

1 comments:

Han said...

တပည့်တော်ကိုယ်တိုင်လည်း စိတ္တဇ ဆိုတာ ဒီကဗျာဖတ်ပြီးမှ သဘောပေါက်တာ ဘုရား ။
:P