Sunday, October 12, 2014

မီးပုံးပျံ
====
မိုးပေါ်တက်သွားတဲ့
မီးပုံးပျံထဲ
ကိလေသာမှိုင်းတွေ
အပြည့်ပါသွားတယ်
ယေကေစိ ကုသလာဓမ္မာတဲ့
ချော်လဲရောထိုင် ထွန်းညှိသူတွေလည်း
မနည်းဘူး
ရှိသေးတယ်
တစ်ချို့က မြေပြင်ပေါ် ပြန်ကျအလာကို
စောင့်တုန်း။

(ရှင်မားရု)
၀၈၁၀၂၀၁၄
အဘိဓမ္မာအခါတော်နေ့

1 comments:

Mg Han said...


တပည့်တော် ပါဘူး ဘုရာ့ ။
:P