Monday, August 25, 2014

ကြည့်ပါလား
ကြယ်တွေ ကြွေနေတာ…
မကြည့်ရက်ဘူးဆိုနေမှ တဖွဲဖွဲတသဲသဲ
ကမ္ဘာတစ်ခြမ်းမှာ နေပွင့်တယ်
ကမ္ဘာတစ်ခြမ်းမှာ လပွင့်တယ်
နေ့နဲ့ည ကွာပေမယ့် သတိရခြင်းကတော့ နံရံပါးပါးလေးသာ ခြားတာပါ။

ကိုယ့်ကိုယ်ကို ပြန်ပေးဖို့
လက်ဆောင်ပစ္စည်းဆိုင်ထဲ ဝင်မိတဲ့ခဏ
"တစ်ယောက်ထဲပေမယ့်
တစ်ယောက်ထဲ မဟုတ်တဲ့အကြောင်း"
ယာမာမိုတိုစန်ရဲ့ သီချင်းလေးက ဆီးကြိုအားပေးရှာ။

နေသာသလို နေပါလေ
TV ကလည်း အရေးထဲ ကြေငြာချင်သလို ကြေငြာနေတာပဲ
ဟီရိုးရှီးမားက တောင်ပြိုမှုသတင်း
အာဖရိကက အီဘိုလာဗိုင်းရပ်စ်
အမှန်က လူ့အတ္တတွေ ကြောက်မက်ဖွယ် ကူးစက်လာနေတဲ့အကြောင်း
Breaking News အဖြစ် အဆက်မပြတ် ထုတ်လွှင့်ရမယ့်ခေတ်လေ…။

အလိုမတူပဲ
လောကထဲ အတင်းတွန်းပို့ခံရတဲ့ကလေးလေးတစ်ယောက်
ခုလိုသာ စဉ်းစားနိုင်စွမ်းရှိရင် 
ဒီနေ့ဟာ မွေးနေ့ရယ်လို့ အသိအမှတ်ပြုစရာကို မလိုတာ။
ကဲပါလေ
ဘယ်သူ့ကို ကျေးဇူးတင်ရမလဲသာ ပြော…။

(ရှင်မားရု)
၂၅၀၈၂၀၁၄

3 comments:

Lin said...

Breaking News !!!
Todays is Shin Marru's Birthday !!!
:)

Happy Birthday ပါ အရှင်ဘုရား ...။

ဖြစ်၊ပျက်ဆိုတာစက္ကန့်တိုင်းရဲ့သဘာဝတရားဆိုတော့...။
အားလုံးကိုကျေးဇူးတင်ရမှာပေါ့ဘုရား ။

Anonymous said...

ချမ်းမြေ့ပါစေဘုရား

Buddha Dhamma said...

Happy Birthday Ashin Phayar _/\_ _/\_ _/\_