Sunday, July 27, 2014





ယုံကြည်မှုတွေ
ရေစီးရေလာ မကောင်းတော့တဲ့အခါ
(ကိုယ်လည်း) လိုရမယ်ရ
မိုးခေါင်ပြရတယ်


(ယုံကြည်မှုဟာ
ကြေမွခြင်းရဲ့ အခြားတစ်ဖက်ဖြစ်ကြောင်း
ကန်းထရီးစတိုင်နဲ့ဖြစ်ဖြစ် နားလည်ပါ)

ရုက်တရက် 
ရှော့ရိုက် ခံလိုက်ရသလိုမျိုး

မနက်မိုးလင်းတော့မှ
အိပ်မက်မှန်း သိလိုက်ရသလိုမျိုး

အသံသာတဲ့ ငှက်ကလေး
မုသားသီချင်းတွေ ပြောင်းဆိုသလိုမျိုး


မှန်နေတာလည်း အမှား
မှားနေတာလည်း အမှားမို့
ဒုက္ခထူထူကြီးကြားမှာ
လူ့အဖြစ်ဟာ မွန်းကြပ်လိုက်တာ

ဒါနဲ့များ
ညလုံးပေါက်တဲ့အထိ
ဒုက္ခကို ဒေါင်းလုဒ်ဆွဲနေကြတုန်း။

(ရှင်မားရု)
၂၇၀၇၂၀၁၄

3 comments:

Han said...

Can't sleep without downloading !
:D

Han said...

Some ppl may think "Life will be so bore without Dukka".

:P

Thila said...

နားလည်ကြပြီကော အရှင်ဘုရားရေ … ။ (ကန်းထရီးစတိုင်ဖြင့်ဖတ်ပါ)
နောင်ဆို အမှန်တရားကို ပြတိုက်မှာတောင် ရှာမတွေ့မှာ စိုးမိတယ် ။
ဒုက္ခနဲ့ နေသားကျနေတော့ … အလျင်ပြတ်သွားမှာစိုးလို့ကြိုပြီး ဒေါင်းထားကြတာဖြစ်မယ် … ။

မှတ်ချက် ။ ။ တပည့်တော်က ဘုတ်အုပ် ဘဲဝယ်ဖတ်တာ ဘုရာ့ ။
:)