Thursday, July 3, 2014

ဆွေမျိုး
=====

နိုင်ငံရေးက ဘာမှန်းမသိတော့
ကိုယ့်နာမည်လေးပဲ
ဥုံခံပြီး ရွတ်ရွတ်နေရတယ်
" စီ " ကနဲဆိုတိုင်း
အမျိုးအရင်းတွေက ရှေ့ဆုံးက..။

ဒီလမ်းကို
ဆက်ဒမ်ဟူစိန်လည်း သွားခဲ့တယ်
ကမ္ဘာကျော်တွေလည်း ပြောဖူးတယ်
ဟော..ခုလည်း သွားပြန်ပြီ
အမှတ်မရှိတဲ့ အသဲ
အလှည့်ကျရင် အတိတ်မမေ့ကြေး..။

အမှားတစ်လုံး ချရေးမိရုံနဲ့
တစ်မျက်နှာလုံး 
ရဲပတောင်းခတ်တတ်တာ ဘဝပဲ
"သင့်ကြောင့် မီးမလောင်ပါစေနဲ့ " ဆိုင်းဘုတ်လေး
မြင်ပါများတော့ ရိုးသွားပြီ
ကျေးဇူးပြု၍
ဝလုံးလေးတွေသာ ဝိုင်းခဲ့ပါ။

(ရှုင်မားရု)
၀၃၀၇၂၀၁၄

3 comments:

Mg Han said...



:)
_/\_

Thila said...


ဝ လုံးတွေနဲ့သာပြည့်နေလို့ ထပ်ဝိုင်းရန်မလိုတော့တဲ့ အကြောင်း …

_/\_ _/\_ _/\_
လေးစားကြည်ညိုစွာဦးညွှတ်ပါ၏ ဘုရား ။

Thila said...


ဥပေက္ခာ တရားတွေသာပိုပြီးပွါးနေမိပါ၏ ဘုရား ။