Monday, April 14, 2014

"ဗွမ်း" ကနဲ
လောင်းလိုက်ပေမယ့်
ဘဝပေါင်းများစွာထိ 
ရွှဲတယ်
မခူးလဲ ပွင့်တဲ့ပန်း
မသက်ဆိုင်ခြင်းသာ
အမှတ်တရပါကွယ်
ပြောလိုက်ရင်တော့
နေ့စဉ်ထုတ်သတင်းစာလိုလို
အားလုံးဟာ စိတ်တူမူကွဲ
ဖလားထဲမှာတော့
အာရုံခြောက်ပါးအပြည့်ရယ်
ကွယ်.....
အရွေ့တို့ စိုချင်စိုပါစေ
ဒုက္ခသစ္စာလေးတော့ ချန်ထား
မဏ္ဍပ်တိုင်းဟာ
ငါ သူတစ်ပါး ယောကျာ်းမိန်းမ ။

(ရှင်မားရု)
၁၄၀၄၂၀၁၄
သင်္ကြန်အကျနေ့

1 comments:

Han said...

မဏ္ဍပ်တိုင်းဟာ
ငါ သူတစ်ပါး ယောကျာ်းမိန်းမ
ကျန်သေးတယ် ...
:P