Saturday, April 19, 2014

 (က) 
ဆိုင်းသံဗုံသံ မပါတဲ့မိုး 
တိုးပေမယ့် ကြားပါတယ် 
စိုစမ်းပါစေ 
မိုးစက်တစ်ချို့နဲ့ နွေးချင်လို့ 

(ခ)
 နှုတ်ဆိတ်ခြင်းကို 
ဗျည်းနဲ့ သရကွဲအောင် ဖတ်ပါ 
၅ ဂဏန်းဖွားပေမယ့် 
တစ်ခြားထောင့်မှာ သစ္စာဆိုတယ် 

(ဂ) 
ထီးကလေးမို့ 
သူ့ဘဝနဲ့သူ မိုးမိခဲ့တယ် 
သွားနှင့်ပါ 
မီရာရထားနဲ့သာ 
ကဗျာနောက်က ဆက်လိုက်ခဲ့မယ်။ 

(ရှင်မားရု)

1 comments:

ခရစ္စတလ် said...

မစိုပေမယ့် မိုးမိတယ် တစ်ဂဏန်းသမားမို့ ...။