Thursday, February 4, 2016


ရှက်စရာလို့ထင်တဲ့အရာဆို
အရင်ဆုံး လုပ်တဲ့
မိုဟာမဒ်သားတော်
သူငယ်ချင်းက ဆုံးမတယ်
သူနဲ့ ကိုယ့်ကြားက
ဂရိတ်ဝေါတံတိုင်းကြီးကတော့
ဒီဘာသာစကားကို နားလည်မယ်
ရှက်စရာကောင်းသလောက်
ဗြဟ္မာမလေးတွေ လှတဲ့အကြောင်း
ကိုယ်ကလည်း နိဗ္ဗာန်ရောက်ဖူးသလိုလို
ပြန်ပြော
အဲဒီနေ့ကစ
သူဟာ
ဘုရားရှိခိုးတတ်လာတော့တာပဲ။

ရှင်မားရု
၀၄၀၂၂၀၁၆

1 comments:

Han said...

အ ရူပဗြဟ္မာဘုံက ဗြဟ္မာမလေးတွေလားဘုရား ?
:D