Monday, January 4, 2016



နှစ်သစ်မှာ ဂျင်းဂျာသွားပြီး ဆုတောင်းရုံကလွဲရင်
သေခြင်းတရားဟာ သေချာနေတုန်းပဲ

ပျောက်သွားတဲ့  ဧည့်သည်ကို ပြန်လိုက်ရှာတဲ့ တရုတ်မကြီးဟာ
သူ့ဆီကို မျက်စိလည်ပြီး ရောက်လာတယ်

မန္တလေးက စာပေဟင်းပေါင်းအိုးကြီး
သူ့မွေးနေ့မှာ သူကိုယ်သူ ပြန်သွေးနေတာ တွေ့ရ


ခိုးခိုးပြီး မိုက်မိတဲ့ ဒုက္ခထူထူကြီးနဲ့
ဒီဆောင်းကို ထုတ်ထုတ်ဝတ်ရတာ ရှက်လှပြီ


ဝတ္ထုတွေ ရေးတတ်တဲ့ ဘူတာရုံကလေး
၂၀၁၆ မှာ ဇာတ်ကောင်အသစ် တွေ့ပါစေ။

ရှင်မားရု

၀၄၀၁၂၀၁၆

2 comments:

Han said...

အသစ်တွေဟာ အဟောင်းတွေပါ ။
အဟောင်းတွေ လည်းအသစ်ပြန်ဖြစ်ရ ။
သေချာတာကတော့ … အရှင်ဘုရားမိန့် တဲ့အတိုင်းပါဘဲ ။

Aung Oo said...

အမှတ်တရပါဘုရား 🙏