Thursday, January 7, 2016

(က)
သာသနာစိတ်ရှိသူကို
နေရာမပေးတဲ့ခေတ်မှာ
တော်တည့်ထက်မြတ်သူတွေ
ကြွေကုန်တာ များပေါ့
အဲဒီထဲ
ကိုယ့်သူငယ်ချင်းတွေ ပါလိမ့်မယ်လို့
ယောင်လို့တောင် မတွေးထားခဲ့တာ
"အရှင်ဘုရား..မှတ်မိပါသလား
တပည့်တော် ရှင်ဘယ်သူခေါ် နန္ဒပါဘုရား”
ကိုယ့်နားကို မယုံ
ကိုယ့်မျက်စိကို အတင်းပွတ်သပ်ကြည့်
ဒါ..အိပ်မက်ကြီးလို့ ညာခွင့်ရရင် ကောင်းမှာ။
(ခ)
အတူတူထမ်းခဲ့တဲ့ တာဝန်တွေ
အတူတူသွားခဲ့တဲ့ခရီးတွေ
အတူတူ မက်ခဲ့တဲ့ အိပ်မက်တွေ
ယုတ်စွအဆုံး
စိတ်တူကိုယ်တူ မိုက်ခဲ့တဲ့ညတွေ
ခုတော့
ဘဝဆိုတာ
သူ့အတွက် ဘူဓာတ်မဟုတ်တော့သလိုလို
ခါးတာကိုမှ အရသာလို့ ထင်မှတ်သွားရော့သလား။
(ဂ)
အပ္ပမာဒေန သမ္ပာဒေထ မလုပ်ရဲဘူးသူငယ်ချင်း
တံခါးခေါက်သံဟာ
ကိုယ့်အခန်းရှေ့က လာနေတာ
ဘဝဆိုတာနှင်းတွေကျနေတဲ့မနက်ခင်းလိုပဲ
ဆံပင်ရှည်နေ့သစ်ထဲမှာ
ပြီးတော့ မွေးနေ့မှာ
ပျော်ပါစေကွယ်။
ရှင်မားရု
(ခေတ္တ)
အေကေဘီ၄၈တိုင်းပြည်
၀၆၀၁၂၀၁၆
မွေးနေ့လက်ဆောင်ကဗျာတောင်းထားသော
ကိုနန္ဒသို့ စိတ်မကောင်းစွာ ရည်ညွှန်းပါသည်

1 comments:

Han said...

သူ့ ရဲ့ခါးတဲ့နေ့သစ်တွေထဲမှာ
“မွေးနေ့မှာပျော်ပါစေကွယ်။”
ဆိုတာလေးက သု့ အတွက် တဒင်္ဂချိုမြိန်စေမှာပါဘုရား …။