Saturday, December 26, 2015


ဘုရားသခင်နဲ့ ချိန်းထားတယ်
နာနာဘာဝနဲ့ လွဲသွားတယ်
သောက်ဆေးတွေ အလုံးလိုက် မြိုချတယ်
အမေကို လက်သီးနဲ့ ထထိုးတတ်တဲ့ ကလေးကို စာသင်တယ်
ဝမ်းနည်းတာတောင် အခြေခံဥပဒေနဲ့ မလွတ်ဘူး။

ဒီဇင်ဘာတစ်လလုံး       
စံပယ်ရုံလေးမှာပဲ ထိုင်ချင်တယ်
သင်္ခါရဆောင်းမို့
မှောင်ချင် မှောင်ပါစေ
ငါတို့ဟာ မှတ်ပုံတင်မရှိသေးသော ဘုရားများသာ။

ရှင်မားရု
၂၅၁၂၂၀၁၅


1 comments:

Han said...

အပ္ပမာဒေန သမ္ပာဒေထ ပါဘုရား … ။