ဘုရားသခင်နဲ့ ချိန်းထားတယ်
နာနာဘာဝနဲ့ လွဲသွားတယ်
သောက်ဆေးတွေ အလုံးလိုက် မြိုချတယ်
အမေကို လက်သီးနဲ့ ထထိုးတတ်တဲ့
ကလေးကို စာသင်တယ်
ဝမ်းနည်းတာတောင် အခြေခံဥပဒေနဲ့ မလွတ်ဘူး။
ဒီဇင်ဘာတစ်လလုံး
စံပယ်ရုံလေးမှာပဲ ထိုင်ချင်တယ်
သင်္ခါရဆောင်းမို့
မှောင်ချင် မှောင်ပါစေ
ငါတို့ဟာ မှတ်ပုံတင်မရှိသေးသော
ဘုရားများသာ။
ရှင်မားရု
၂၅၁၂၂၀၁၅
1 comments:
အပ္ပမာဒေန သမ္ပာဒေထ ပါဘုရား … ။
Post a Comment