Monday, November 30, 2015



ဖြစ်ချင်ရာဖြစ်ဆိုပြီး
ကံတရားကို ပံသုကူမပစ်လိုက်ပါနဲ့

စောင့်ကြပ်နေကြကုန်သော မျက်လုံးတော်အစုံစုံက
တံခါးတစ်ချပ်ကို ညွှန်ပြပေလိမ့်မယ်
ဖွင့်ခြင်း ပိတ်ခြင်းဟာ သင်နဲ့သာဆိုင်တယ်

သင်နဲ့ သိပ်မဝေးတဲ့ တစ်နေရာမှာ
ညတွေ နေထိုင်ကြတယ်
အရောင်ရှိပေမယ့် မမြင်ရဘူး

သနားသဖြင့် အလင်းပြတော်မူပါ
အကျွန့်စိတ်ဟာ ဘာအရောင်များလဲ

ကိလေသာဓိကအချင်းချင်း
အတက်အဆင်းတွေချည်းပဲဆိုရင်တောင်

မရှိဘူးအထင်နဲ့ မရှာတော့တဲ့ ဒုက္ခထူးဟာ
သင်တို့ရဲ့ နောက်ဆုံး ဗျာဒိတ်တော်

ရှင်မားရု
၃၀၁၁၂၀၁၅

1 comments:

Han said...


ကြည်ညို လေးစားဦးခိုက်ပါ၏ အရှင်ဘုရား … ။