Thursday, August 20, 2015


(၁)
ရေမှာ ဂီတရှိသလို မီးမှာလည်း တေးသွားရှိတယ်
အဲဒီသီချင်းကို မဆိုဖူးပဲ
လွတ်မြောက်မှုကို မရှာပါနဲ့။
(၂)
နာဖူးတဲ့ တရားမှန်သမျှ ကိုယ့်ကိုယ်ကို ပြန်ဟောဖို့ သိမ်းထားတယ်
မနာပဲ ဟောလိုက်တဲ့တရားတွေလည်း ကျန်းမာပါစေ
ဝဋ်ဒုက္ခတွေဟာ နေ့စေ့လစေ့ ။
(၃)
အင်အားကြီးတိုင်း ကမ္ဘာတစ်ခုတည်ဆောက်လို့ရစတမ်းဆို
စစ်တပ်မရှိတဲ့ ဂျပန်တွေကို အားနာပါ
ငါတို့ခန္ဓာအိမ်ဟာ Atom လေးက စခဲ့တာ။
(၄)
တစ်ယောက်လက်ဓားရှတဲ့အခါ တစ်မိသားစုလုံး သွေးထွက်သလို
ရင်ဆိုင်နေရတဲ့ မဟာပေါက်ကွဲမှုတိုင်းဟာ
ချစ်ခြင်း၊ မုန်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ။
(၅)
ပေါက်ပန်းစေးနိုင်ငံတော်က တစ်ဖက်၊ ရန်သူတစ်ထောင်က တစ်ဖက်ဆိုရင်တောင်
မှားတဲ့ဘက်မှာ ရဲရဲရပ်မယ်
နာလက်စတရားတော်ဟာ သစ်ရွက်ကြွေသံလေးသက်သက်…။

ရှင်မားရု
၂၀၀၈၂၀၁၅

1 comments:

Han said...

"တစ်ယောက်လက်ဓားရှတဲ့အခါ တစ်မိသားစုလုံး သွေးထွက်သလို"
:|