Monday, August 3, 2015



နွေခေါင်ခေါင်ပေသိ
စိတ်တွေ မိုးမိနေလိုက်တာ

လူကြီးတွေ နှာစေးနေသလောက်
ဆယ်နှစ်သား စားပွဲထိုးလေးတောင်
အငြိမ်မနေရတဲ့  နိုင်ငံ

အိမ်ဖော်လုပ်ရင်း လူလူချင်းစာနာကြသလို
တစ်ချို့များ ခွေးလေး၊ နွားလေးတွေအတွက်ပါ စဉ်းစား

ဒီလောက် လူပီသတဲ့လူမျိုးကိုမှ
နူရာဝဲစွဲခံနေရတဲ့အဖြစ်
အတွေးနဲ့တင် မချိပါဘူး

နိုင်ငံကျော်မှသည် မျက်နှာမွဲအထိ
ပြည်တွင်းမှသည် နိုင်ငံတကာအဆုံး
တအုံးအုံးဖြစ်နေကြသလောက်
တစ်ချို့ကတော့ ထိုင်ခုံတစ်လုံးနဲ့ အလုပ်ရှုပ်တုန်း။

ရှင်မားရု

၀၃၀၈၂၀၁၅
Save_Myanmar

1 comments:

Han said...

အားလုံး ဘေးကင်းစွာဖြင့်စားဝတ် နေမှု ပြည့်စုံနွေးထွေးလုံခြုံသော နေ့ များဆီသို အမြန်ပြန်လည်ရောက်ကြပါစေကြောင်း
ဆုတောင်းနေပါ၏ ဘုရား …