Sunday, February 8, 2015


ချစ်လှစွာသော
__________


မြန်မာပြည်
(ဝါ)
သင်္ခါရ စစ်စစ်များ 
ဆုပ်ကိုင်ထားလိုသူတို့ရဲ့ ဂျေရုဆလင်
စေတီပုထိုးများနဲ့ ချစ်လှစွာသော..။


စကောထဲက ဘဝများ
ဝေဒနာလား အခြားလား 
နှင့် 
ထိုထိုရိုးမြေကျ ဟောစဥ်များ…

ငါတို့ စီးနင်းလာတဲ့ ခေတ်က
ကျောင်းရိပ် ကန်ရိပ် ရောက်တိုင်း
အန္တရာယ်လွယ်ပြီး
အမောဖောက်တယ်။

တားမြစ်နယ်မြေမှာ လူစည်တယ်
ခဏခဏ မှတ်တိုင်ပျောက်တယ်
မြို့အဝင်ညဟာ
အလင်းအန်မလိုလိုနဲ့ 
လက်ထိုးအန်ပေါင်းလည်း များပေါ့။


(ရှင်မားရု)

၀၈၀၂၂၀၁၅

4 comments:

Han said...


အခြားပါဘုရား … :D

Han said...


တပည့်တော်တို့ရဲ့ကံတူအကျိုးပေးဘဝများ … 

Anonymous said...

https://www.dropbox.com/s/mnqumc4tkaupbck/apple4mm_Zg.ttf

Thila said...

ရိုးမြေကျ ဟောစဥ်တွေထက်ဆိုးတာက အသစ်အဆန်းတရားပြဆရာတွေနဲ့ ရှုပ်နေတာဘဲ ဘုရား ။
သတိတရားတွေပိုဖြစ်ရတယ် ဘုရား ။