Wednesday, February 4, 2015

ပလီပြီး
ပွင့်တဲ့ပန်းရယ်လို့ ရှိပါသလား
သိသလောက်တော့
ဘုရားသခင်တောင်
မေတ္တာငတ်နေတဲ့ခေတ်ကြီး။

တစ်ယောက်ကို တစ်ယောက်

ဖွက်ကြကြေးဆို
လာမယ့်သုညကမ္ဘာမှာ
ပုံပြောဆရာတွေ များလိမ့်မယ်။

အိန်ဂျလီနာဂျိုးလီတစ်ယောက်

မေတ္တာသုတ်ကို
တစ်နေ့ ၆ ခေါက်ရွတ်သလိုများ
သမ္မတကြီးသာဆို
ဘယ်လောက်ကောင်းလိုက်မလဲ။

တစ်တောလုံး မွှေးဖို့

လူလူချင်း
အရင်ပန်ကြရအောင်လား..။

(ရှင်မားရု)
၀၄၀၂၂၀၁၅

4 comments:

Mg Han said...

“ပလီပြီး ပွင့်တဲ့ပန်းရယ်လို့ ရှိပါသလား?” (TM by Shin Marru )
စကားလုံးက မိုက်တယ်ဘုရား …

သမ္မတကြီးကိုဆွဲမထည့်ရ :D

Mg Han said...

ဒါကို သမ္မတကြီးဆီပို့ရမယ် ။

Thuta said...

သမ္မတကြီးဆီ ကိုယ်တိုင်မေတ္တာအရင်ဆုံး ပို့ရမယ် ။

Thila said...

အရှင်ဘုရားနှင့်အတူ အားလုံးချမ်းမြေ့ပါစေ ဘုရား … _/\_
(ပလီပြီး မန့်ခြင်းမဟုတ်)