Friday, February 13, 2015

ထုံးစံအတိုင်း မနက်ခင်းကို ဘုရားတစ်ဖက်၊ ဖုန်းတစ်ဖက်နဲ့ နှိုးလိုက်တယ်
ဖုန်းထဲဝင်လာတဲ့ အိပ်မက်တွေကို စစ်တယ်
ဗုဒ္ဓလိုင်းနဲ့ ဝိုင်ဖိုင်ချိတ်ဆက်ထားပေမယ့် ကွန်ယက်က မိတစ်ချက် မမိတစ်ချက်။

ရှေ့မှာကြဲချသလောက် နောက်မှာ ရိတ်သိမ်းစရာ မရှိ
အနတ္တလက္ခဏသုတ်က ကော်ဖီခွက်ထဲမှာ အေးစက်စက်နဲ့ ခဲ..လို့..  
ငါ့ရဲ့ လုံးစုံများစွာတွေလည်း အစိုးမရတဲ့အရပ်မှာ အစိုးတရရှိပါစေ။

ဆရာမက စာအုပ်ကို ပိတ်ရင်း မေးပြောပြောတယ် “any question? 
"မနက်က လမ်းမှာ ဘုရားသခင်နဲ့ တွေ့ခဲ့လား"  ဆိုတော့ မျက်လွှာပင့်ပြီး ပြူးကြည့်တယ်။ 
သေချာပါတယ် သူမလည်း ဘုရားနဲ့ လွဲခဲ့တယ်။

မြန်မာပြည်မှာဆို မင်းက နာမည်ကြီးလားလို့ အမေးခံရတော့ တိုကျိုမြို့ကြီးက ရယ်တယ်
ဒီလိုပဲ တစ်ခါတစ်ခါ မှားဝင်နေကျ မက်ဆေ့ချ်များ
မုဒိတာဆိုတာ FIX ဆိုဒ်ပေမယ့် ကောက်စွပ်သူရှားတယ်မလား။

1 comments:

Thuta said...

တပည့်တော်တို့လည်း ဘုရားအဆူဆူနဲ့ လွဲခဲ့တယ်ဘုရား …။

(နာမည်ကြီး ရဲ့ ပို့စ် အောက်မှာ နာမည်ကြီး အောင် ဝင်မန့်သွားသည်။)
:)