Sunday, May 13, 2012

ဆံပင်မရှည်ပေမယ့်
ကိလေသာ ရှည်တာ အားလုံးအသိ။
သို့ပေတဲ့
ဖဲမွေ့ယာပေါ်မှာ
လိပ်ပြာနှိုးတမ်းကစားချိန်
အဝေးကကြေးစည်သံနဲ့ ဖြစ်ပျက်ရှု
ဒဂုန်တာရာရဲ့ “မေ” တော့ သိမယ်မထင်ဘူး။

ဆိုးတယ်..
ဆိုးတယ်..နဲ့
ပြောငြီးငြီးတာလည်း သူ
အမူအပိုတွေ ပြီးတော့မှ
နိဗ္ဗိန္ဒဉာဏ်တို့ ၀င်
ဟို အရင်ကသူဟာ အခုငါပါပဲ..။

(မှတ်ချက်)

မဟုတ်မဟတ် အိပ်မက်တွေပါ
ရဲကပါ သင်္ကာမကင်း ဖြစ်ဖြစ်လာတယ်။
လက်ကျန်ဘ၀လေးမှာ
ကွင်းစကွင်းပိတ်တွေ
များများလာတဲ့အကြောင်း..။

(မောနေယျ)
၁၃.၀၅.၂၀၁၂

3 comments:

မြတ်ပန်းနွယ် (Myat Pan Nwe) said...

အရှင်ဘုရား ..

ကဗျာလေး ဖတ်သွားပါတယ်။

စာကြောင်းတိုင်းနီးပါးကို တပည့်တော် နှစ်သက်မိတယ်။

Anonymous said...

ဟို အရင်ကသူဟာ အခုငါပါပဲ..။

Lin said...

သို့ပေတဲ့ ... :)