Saturday, May 19, 2012

(ပစ္စုပ္ပန်)
စည်သွပ်ဗူးထဲက အပြုံးလေး ထုတ်
လူတိုင်းကို စနေမျက်ခုံးနဲ့ နှုတ်ဆက်တော့
လမ်းတွေက စကားထပြောတယ်
“သူမကြည့်လဲ ညနေကတော့ ရှိသတဲ့ "


(အတိတ်)
ညတွေက  မိုက်ကြည့် ကြည့်တော့မှ
အလင်းဖျော့ဘ၀တွေကို နှမြောမိ
လျှော့ လျှော့….
ဝိပ္ပဋိသာရတွေ သိပ်မများနဲ့တော့ ငါ့ရှင်ရေ။


(အနာဂတ်)
အများ နားလည်တဲ့ ဘာသာစကား
မကြီးကြီးလမ်းမှာ ထားခဲ့ပြီ
Enter ခလုတ်ကိုအရွှေ့
ဘ၀တစ်ခုလုံးလည်း ဂငယ်ကွေ့ ကွေ့။

(မောနေယျ)
19.05.2012 4:52 PM

3 comments:

မြတ်ပန်းနွယ် (Myat Pan Nwe) said...

တပည့်တော် ကဗျာလေး လာဖတ်သွားပါတယ်။

ရိုသေစွာဖြင့်
မြတ်ပန်းနွယ်

THS said...

ဘ၀တစ်ခုလုံးလည်း ဂငယ်ကွေ့ ကွေ့း-)

Lin said...

“သူမကြည့်လဲ ညနေကတော့ ရှိသတဲ့ "