Tuesday, April 24, 2012

(က)

ဥသြက ဥသြပီပီ
သူ့ဂီတကို ဆွဲဖွင့်တယ်။
စိတ်အထူကြီး ၀တ်ဆင်ပြီး
အိုက်စပ်စပ် ညနေခင်းက
ဆင်ခြေတွေနဲ့ စောစောမှောင်လို့..။
















 (ခ)
ဝင်သက်ထွက်သက်ဆီ ဖုန်းဆက်ပါ
လူဟာ လူသာဖြစ်တဲ့အကြောင်း..
ပစ္စုပ္ပန်က အတိတ်ကို လွှတ်ချတော့
ပုထုဇဉ်ခမျာ
နွေပူကြီးထဲ  ရွှဲရွှဲစို
ကဲ…မိုးမစိုခင် အိမ်ထဲ ၀င်ကြစို့ရယ်..။

(မောနေယျ)
24.04.2012

2 comments:

ခရစ္စတလ် said...

အနာဂတ်အတွက် အတိတ်ကို လွှတ်ချခဲ့လိုက်ပါ၊
ဈေးကွက်ဝင်ဖို့ မိုးမစိုမှ ဖြစ်မယ်....

THS said...

ဒီကဗျာလေးမှာလဲ ရွှဲရွှဲစို တာ တွေ့လိုက်ရတယ် ..း-)
စိုပုံချင်တော့ မတူဘူး ထင်ပါ့ ..း-))