(က)
အသက်ရှူဖို့ မေ့နေမိတဲ့ ရက်စွဲတွေပါ
အသက်ရှူဖို့ မေ့နေမိတဲ့ ရက်စွဲတွေပါ
တစ်ခါတစ်ရံမှာ
သုတ်ပစ်လိုက်ဖို့
မေ့နေတဲ့ အရည်ငွေ့တွေအကြောင်း..။
(ခ)
အိမ်ကို
လွမ်းပြီး အိမ်မပြန်ချင်တဲ့ ရောဂါရယ်
ပျောက်ဆုံးနေတဲ့
သွေးသားနုနု ကဗျာတွေရယ်
တစ်ဆိတ်လောက်
ဝေးဝေးနေကြစမ်းပါ..။
(ဂ)
လူသိရှင်ကြား
လျှို့ဝှက်မှုတွေနဲ့
စိတ်နောက်ကိုယ်ပါ
ကုသနေရ
ပြောတော့…အချိန်ဆိုတာ
သမားတော်ကြီးဆို….။
(ဃ)
အမှန်တွေရဲ့
အဝေးမှာ
ခက်ခက်နဲ့
ပုန်းနေတာ ကြာပေါ့
သူလိုငါလို
လိပ်ပြာတစ်ကောင်ဟာ သူတော်စင်လဲ ဖြစ်နိုင်တာပဲ..။
(င)
ဒီကဗျာဟာ
ဘုရားသခင်ဆီ
လိပ်မူထားတဲ့
ငရဲတစ်ကောင်ရဲ့
ဝန်ခံလွှာသက်သက်..။
(မောနေယျ)
4 comments:
ကူးကုန်ပါပြီဗျာ၊ လာဖတ်မိတာကိုးးးး .... :(
ဘုရားသခင်ဆီ လိပ်မူထားတဲ့
ငရဲတစ်ကောင်ရဲ့ ဝန်ခံလွှာသက်သက် ..
မိုက်၏ ။
အချိန်ဆိုတာ သမားတော်ကြီးပါ ...
Post a Comment