Friday, December 19, 2014



နတ်နေကိုင်းမှာ
လူဖြစ်လာတာက စလွဲတာ
ဘယ်သူက လမ်းမှားလာတယ်လို့ ထင်မလဲ။

မည်သူမည်ဝါ လိပ်မူထားပေမယ့်
အရပ်ဆယ်မျက်နှာနဲ့ 
မလွတ်တော့ ခက်တယ်။

ဒီဂျေပွတ်ပြီး
ဘုရားသခင် ဘီးဇီးနေတဲ့ခေတ်မှာ
ကြေးစည်သံနဲ့ 
သဗ္ဗေသတ္တာလိုက်ရတဲ့ နေ့တွေများလာတယ်။

(ရှင်မားရု)

၁၉၁၂၂၀၁၄

3 comments:

Mg Han said...


တပည့္တာ္ဆို မလြတ္တာ ၁၁ မ်က္နွာ (အင္တာနက္ပါ)
:D

Han said...


ချမ်းမြေ့ပါစေဘုရား … _/\_

Thuta said...

ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပါစေ ဘုရား … _/\_