(က)
လက်ဗွေရာနဲ့မှ ပွင့်တဲ့ဘုံမှာ
အကြည့်ချင်း ခဏခဏ ဆုံတော့
သွားပြီပေါ့
အဲဒီမျက်လုံးဟာ
lock ကျတာ အခါခါ
ဝါသနာဆိုတာ တားရခက်ကြီး..။
(ခ)
စက်ရုပ်ကို
နှလုံးသားတပ်ထားတဲ့မြို့မှာ
နှလုံးသားကို
စက်ရုပ်အဖြစ် ဟန်ဆောင်ရတာ
ဘယ်လောက် ရင်ကွဲနာကျဖို့ ကောင်းသလဲ
လမ်းကိုက ဘယ်မောင်းသက်သက်…။
(ဂ)
ခရီးလွန်နေတဲ့ မေတ္တာတရား
ဘဝအဆက်ဆက် ခြားသည့်တိုင်
ရောက်မလာသေး..။
အဲသလိုပဲ
ဝေးကြပြီတဲ့ဆိုရင်
ဘယ်ဖောင့်နဲ့ရိုက်ရိုက်
အကြီးအသေးက မပီပြင်တော့ဘူး။
(ရှင်မားရု)
Posted by
ရှင်မားရု
Monday, March 24, 2014
1 comments:
ခရီးလွန်နေတဲ့ မေတ္တာတရားကလေး ဘယ်ဘူတာဆီမှာများ စိုက်လေမလဲ ... :)
Post a Comment