Friday, April 29, 2016

ကျောင်းသင်္ခမ်းရောက်လာတဲ့ သူတော်ကောင်းတို့ရဲ့ ရှိုက်သံ
သူတစ်ယောက်ထဲ အမျှရလိုက်တယ်
ဝေခွဲမရဘူး
ကံကောင်းခြင်းတွေဟာ ငါ့ကိုသတ်ဖို့ လာနေသလားဆိုတာ။
အပေါ်နှုတ်ခမ်းက လှုပ်နေတယ်
လက်ကောက်ဝတ်ဟာ သွေးတန်းလန်းနဲ့ ပြတ်ကျလုနီးနီး
သတိရတယ်ဆိုတာလဲ ခေတ်ဟောင်းဗန်းစကားတစ်ခုပါပဲ
(ဘုရားဟောမုက္ခပတ်တော်ဟု နားလည်စေလို)
ကောင်းမှုတစ်ချို့ သတိရတယ်
မကောင်းမှုတစ်ချို့ သတိရတယ်
အရောင်တွေ ရှိနေသမျှ
နေဝင်တယ်ဆိုတာ နောက်ထပ်မြင်ရအုံးမယ့် သံဝေဂပန်းချီ။
လင်းနေရက်နဲ့ မှောင်ပြန်ပြီ
(ဆာတိုးရီဆိုတာ အဲဒီခဏငယ်လေးကို ဆိုလိုတယ်)
ညဟာသူ့ကိုယ်သူမိုးချုပ်လိုက်တာ
တစ်သံသရာလုံးနီးနီး ကြာသတဲ့။
ရှင်မားရု
၂၈၀၄၂၀၁၆
ခက်ဆစ်။ ဆာတိုးရီ=悟り=ဉာဏ်အလင်းသိမြင်ခြင်း (သို့) အရိယသစ္စာ

1 comments:

Han said...

သူတော်ကောင်းတို့ အလင်းရဘို့ ဆာတိုးရီ ဆီသွားကြစို့ ။