Friday, April 29, 2016

ကနေတဲ့လူအုပ်ကြီးထဲ
ဖိုးသိကြားကို ကွာတားတိုနဲ့တွေ့ရ
ဝေါထားဖာထီ ရေဖာထီတဲ့
သုဇာတာတစ်သိုက်တော့
အရင်လို ဂျင်းပင်စနှိုက်နဲ့ မဟုတ်တော့ဘူး
မနက်မနက်ဆို
သူတော်လေးတွေရဲ့ ကြေးစည်သံ
ညညဆို
လမ်းထဲကကုလားမလေးတွေ ထုပ်စီးတိုး
မျက်ရည်စို့အောင် ခိုးခိုးရယ်နေသူကြီးရှိ
အဲဒီမြို့က
ဝိဝေကအလွမ်းတစ်ချို့လည်း
ဖမ်းမိလိုက် ထွက်ပြေးလိုက်
၃၉ ဒီဂရီနဲ့
ရူပက္ခန္ဓာရပ်ကွက်ထဲ
သူ့ကိုယ်သူပဲ ပျောက်ဆုံးလိုက်တော့တယ်။
ရှင်မားရု
၁၅၀၄၂၀၁၆
သင်္ကြန်အကြတ်နေ့
ခက်ဆစ်။ ဝိဝေက = silence

1 comments:

Thuta said...

တိတ်ဆိပ်ငြိမ်သက်မှုကို ငယ်စဉ်ကထဲကနှစ်သက်မိနေခဲ့တော့ သင်္ကြန်ဆိုအပြင်မထွက်ဖြစ်ပါ ဘုရား