အရောင်မှာ အသံရှိတာ ယုံ
အထူးပြုလုပ်ချက်တွေနဲ့
မဂ္ဂင်ရောင်ဟာ
ကြယ်ကြွေသလို ဖမ်းဆုပ်ရခက်တဲ့အခါ
နှလုံးသားထဲကလာတဲ့ ကြေးစည်သံနဲ့
ရေစက်ချပါ
မလိုပဲ မွေးထားရတဲ့ "သိမှု" ကို
ကိုးထပ်မြောက် ငရဲလို့ခေါ်ရအောင်
အဲဒီဘုံမှာ
တရားသမား အများစုရှိတယ်
ပြည်တွင်းဖြစ်ဥပါဒါန်ဟာ
ဝေနေယျတို့ရဲ့ ဓမ္မပူဇာ
ဒီကဗျာမှာ
စကားလုံးတွေ မပါဘူးရယ်။
Posted by
ရှင်မားရု
Friday, February 26, 2016
1 comments:
ဒါ … တပည့်တော်တို့ ကို အလင်းပြတာ
Post a Comment