Sunday, May 10, 2015

(က)
“တုံးတုံ...တုံးတုံ..."

(ခ)
ချစ်​စ​ဖွယ်​အ​သံလေး​ပေး​ရင်း တော​မြို့​တစ်​မြို့​ရဲ့ ​လော်​ကယ်​ရထား​ဟာ သူ့​ရင်ဘတ်​ကို ဆွဲ​ဟ​လိုက်​တယ်။ ကာမ​စ္ဆ​န္ဒ​တောအုပ်​များ၊ စိမ်းလန်း​တဲ့ နာနာ​ဘာ​ဝ​များ ​ဟိုး ..​အဝေး​မှာ နေ​ခဲ့​ပြီ။ ခု​နှစ်​ပြည်ထောင်​ကို သိမ်းပိုက်​မယ့် ခဲ​လက်ဆီ​ဘုရင်​မ​ရဲ့ နဂါး​သုံး​ကောင်​လို ရထား​နောက်​တွဲ​ဟာ အမြီး​တ​ယမ်း​ယမ်း..။


(ဂ)
ရှာဖွေ​ဖို့​လွယ်​သ​လောက် ရှာ​တွေ့​ဖို့​ခက်​တဲ့ စိတ်။ တစ်​ချို့​က ဆင်း​သွား​တယ်။ တစ်​ချို့​က တက်​လာ​နေ​တုန်း။တ​ဟူးဟူး​တိုက်​ခတ်​နေ​တဲ့ ရထား​တစ်​စင်း​ရဲ့ မြန်​နှုန်း​ကို လူ့​စိတ်​က ဦးဆောင်​ခုတ်​မောင်း​လို့။ ယနေ့​ကမ္ဘာ​ကြီး​ဟာ တစ်​ယောက်​အနား တစ်​ယောက်​ရှိ​ရင်း တစ်​ယောက်​ကို တစ်​ယောက် ခြား​နား​ပစ်လိုက်​ပြီ။ ဒါ ဘယ်​သူ​ငြင်း​မ​တုန်း..။ 


(ဃ)
ကိုယ့်​တရား​ကို ကိုယ်​ပြန်​နာ​တယ်​ဆို​တာ တကယ်​တော့ ကိုယ့်​တရား​ကိုယ်စီ​ရင်​ခြင်း​ပါ​ပဲ။ အ​တွေး​မ​ဆုံး​ခင်​မှာ​ပဲ နား​ကြပ်​ကို​ကယော​င်​က​တမ်း​ကောက်​တပ်​လိုက်​မိ​တယ်။ ဗျာ​ပါဒ ​နွေ​ရက်​ခင်း​များ​ဖြတ်​ကျော်​လာ​ပြီး​နောက်​ပိုင်းဝေ​နေ​ယျ​ပုံပြင်​တွေ​ ဟာ ပို​ပူ​လာ​သ​လိုလို။ တကယ်​ဆို​ရင် ပင်လယ်​ကို မျှား​ဖို့ ကြယ်​တွေ​အပေါ် ရိုးသား​ခဲ့​သင့်​တာ။ အိပ်မက်​အကြမ်း ကြီး​နဲ့ ​နိ​ဝါ​န​စခန်း​ကို မလှ​မ်း​ရဲ​တဲ့ သူ့​ဖြစ်​အင်​ဟာ ပတ်​ကြမ်းတိုက်။ 


(င)
ဦးတည်​ချက်မ​ရှိ၊ အဖော်​မ​ပါ ၊စိတ်​ဗလာ​သက်သက်​နဲ့ ရွေ့​ရ​တာ ကြောင်​စီ​စီ​နိုင်​သ​လောက် ပေါ့ပါး​တယ်။ မှတ်​စိတ်​ထဲ အ​သံ​တစ်​သံ ဝင်​လာ​ပြန်​ပြီ ။ တုံး​တုံ…တုံး​တုံ..။ လူသူ​အသွားအလာ​နည်း​တဲ့ ​ဝိ​ဝေ​က​ဘူ​တာ​လေး။ ခပ်​လှမ်း​လှမ်း​မှာ စိမ်း​စို​စို တောအုပ်​လေး​တစ်​ခု၊ ဒါ​တော့ ကာမ​စ္ဆ​န္ဒ​တောအုပ်​မ​ဖြစ်​နိုင်။ တောင်တန်း​တွေ​က သ​မာ​ပတ်​ဝင်စား​နေ​တဲ့ ပုဂ္ဂိုလ်​ကြီး​တွေ ပမာ။ ဘုရား​အဆူ​ဆူ​ချီးမွမ်း​တဲ့ နေရာ​ဆို​တဲ့ အသိ​က ခြေလှမ်း​တွေ​ကို မ​တားဆီး​နိုင်​တော့။

ရှင်​မား​ရု



4 comments:

Han said...

အတွေးအဖွဲ့တွေအားလုံးအတွက် ကြည်ညိုလေးစားဦးညွတ်ပါ၏ ဘုရား

Lin said...

“ဘုရားအဆူဆူချီးမွမ်းတဲ့ နေရာဆိုတဲ့ အသိက ခြေလှမ်းတွေကို မတားဆီးနိုင်တော့။”
ဖတ်ရတာ ငြိမ်းချမ်းလှပါ၏။
ပန်းချီကားတစ်ချပ်လိုပါဘဲ ဘုရား …

Thila said...

“တုံးတုံ...တုံးတုံ..."
အသံထွက် အက်ဆေး

Thuta said...

သိမ်မွေ့နက်နဲလှပတဲ့စကားလုံးတွေရဲ့တန်ဘိုးတွေပေ့ါသွားမဆိုးလို့ မမန့်တော့ပါဘူးလို့တွေးရင်း …
မန့်လိုက်မိပြီဘုရား …။