Monday, April 6, 2015


ဆာ​ကူ​ရာ​ပဲ​ပွင့်​ပွင့်
ပိတောက်​ပဲ​ပွင့်​ပွင့်
မြေ​ခ​နေ​တဲ့ ပွင့်​ဖတ်​အတွက်
ဘယ်​သူ​မှ သီချင်း​မ​ဆို​ကြ​ဘူး​မဟုတ်​လား
ဆုတောင်း​တယ်​ဆို​တာ
ကြယ်​တွေ​ဟာ လူ​တွေ​အတွက် ကြွေ​တာ​လို့
ထင်မှတ်​မှား​နေ​သ​မျှ
ခေတ်​စား​နေ​အုံး​မယ့်​အိပ်​ယာ​ဝင်​တေး။
လင်း​နေ​တဲ့​အခိုက်​တော့
အားလုံး​ဟာ သူရဲကောင်း​ဖြစ်​ခွင့်​ရှိ​သ​လို
မ​ကောင်း​ဆိုးဝါး​တွေ​လည်း
သင့်​ဆီ​လာ​ဖို့ ပျက်ကွက်​ကောင်း​ပျက်ကွက်​နေ​လိမ့်​မယ်။
ပွင့်​သော ပန်း​တို့ မ​ကြွေ​ခင်
ကွေး​သော လက်​တို့ မ​ဆန့်​ခင်
စိတ်ပျက်​စရာ​ကောင်း​လောက်​အောင် လှ​နေ​တဲ့
လောက​ဓမ္မ​ကြီး​ထဲ​က
ဖုံးကွယ်​ထား​တဲ့ သစ္စာလေးပါး​ကို​ဖွင့်
အ​မှောင်​တရား​ကို ရင်ဆိုင်​ရဲ​တဲ့​သတ္တိ​သာ ရှိ​ပါ​ရ​စေ။


ရှင်​မား​ရု
၀၅၀၄၂၀၁၅

2 comments:

Han said...

ဖုံးကွယ်ထားတဲ့ သစ္စာလေးပါးကိုဖွင့်
အမှောင်တရားကို ရင်ဆိုင်ရဲတဲ့သတ္တိသာ ရှိပါရစေဘုရား …

ကြည်ညိုလေးစားဦးခိုက်လျက် _/\_ _/\_ _/\_

Thila said...

“ပွင့်သော ပန်းတို့ မကြွေခင်
ကွေးသော လက်တို့ မဆန့်ခင်”
သတိပေးသံဝေဂကဗျာလေးတွက် ကျေးဇူးပါဘုရား …