Friday, March 27, 2015


ဘုန်းကြီး မ​ပြေး​နဲ့ မ​ပြေး​နဲ့
(အဲ​ဒီ​အင်​တာ​နက်​သုံး​တဲ့ )ဘုန်းကြီး​မ​ပြေး​နဲ့​အစ​ချီ
ယံ​ဒု​န္နိ​မိ​တ္တံ သုံး​ဂါထာ​တို့ ဘာ​တို့
လက်​ပတ်​ဖြူ​နီ မောင်​မယ်​များ​ကို စ​ကော်​လာ​ဆု​က အလဲ​ထိုး​သွား​သည့်​သ​တင်း
အ​ဝှာ​ထိုင်​ခုံ အ​ဝှာ​က​ဝင်​ထိုင်​လို့​ဆို ပြီး​တော့​ကော ဘာ​တွေ ထူး​သေး​တုန်း
ငါ​သာ သမ္မတ​ဖြစ်​ရင် ထန်း​ပင်​အမြင့်​ကြီး မ​တက်​တော့​ဘူး​ဆို​တဲ့ ကို​ရင်​သာ​အေး
ဟာ..​မင်း​မေမေ​တော့ ဆူ​တော့​မှာ​ပဲ​တွေ​နဲ့ ပညာ​ရေး
မတော်တဆ​တစ်​ခု​မှာ ဆောရီး​နော် ဘ​န္တေ ဘုန်း​ဘုန်း​ဆို​လို့
ဘာသာ​စကား ​၃ မျိုး​လောက်​မှ မတတ်​ရင် ​ဂျွ​တ်​စ​ဘွ​တ်​သွား​နိုင်​တဲ့​ခေတ်
ဆို​လာ​စစ်​စ​တ​မ်​ဆို​တာ ရေ​ဆူ​ဆေးပြား​နဲ့ ညီ​အကို​တော်​တာ​လား
နောင်​အနှစ်​၂​၀ မင်း​တို့​နိုင်ငံ​အခြေအနေ ပြော​ကြည့်ပါ​အုံး​တဲ့
လူကြီး​မင်း​မြင်​တဲ့​အတိုင်း​ပဲ​လေ
(ကျော်​ညို​သွေး​ပြော​သ​လို) လွယ်​တော့​မလွယ်​ဘူး ရိုးသား​ရ​တာ​ပေါ့
အကောင်း​စား နား​ကြပ်​တပ်​ထား​မှ​တော့
လှည်း​သား​ငါးရာ​လောက်​တော့ နေရစ်​ခဲ့
ပူပူ​နွေး​နွေး သင်္ခါရ​လို့​ရေးထား​တဲ့
အုတ်​ဂူ​ဆီ​ရောက်​အောင်​သွား
ဟို​လူကြီး​နဲ့ နေရာ​ချင်း​လဲ​မ​လား​လို့ မေး
ပြီး​ရင် ပြေး...
သ​ဗ္ဗေ​သ​တ္တာ ကမ္မ​ဿ​ကာ​မှ​သည်
သု​ခီ​အ​တ္တာ​နံ ပရိ​ဟ​ရ​န္တု​နိုင်​ကြ​ပါ​စေ​လို့..​အဲ..။


ရှင်​မား​ရု
၂၀၀၃၂၀၁၅

1 comments:

Thuta said...

အဲ … !
:)