Tuesday, April 28, 2015

 ဘဝ​နိ​က​န္တိ​က
အကြောင်းပြ​ပြီး 
နာနာ​ကျင်​ကျင် သာယာ​နေ​သ​ရွေ့ 
ဘာ​ဆေး​သောက်​သောက် မ​ပျောက်​ပါ​ဘူး 
မျက်လုံး​ဖွင့်​ပြီး မိုက်​ရဲ​ရင် 
အရပ်​ထဲ​မတော့ လူစွမ်းကောင်း 
ယဉ်ကျေး​တဲ့​လူ့​အဖွဲ့​အစည်း​အကြောင်း သိ​ချင်​ရင် 
ငါးပါးသီလ​မ​လုံ​တဲ့ မြေခွေး​ကို မေး 
အဲသလို
ကို​ယဉ်ကျေး မ​ယဉ်ကျေး​တွေ​ပဲ 

ကမ္ဘာကြီးကို
ပြား​ပစ်​နေ​တာ... 

ရှူ​ရှိုက်​တတ်​ရင် မဂ်​ကျ​တဲ့​ခေတ် 
ဖိုး​သိကြား​တို့ ရပ်​ကွက်​သစ်​မှာ
အရစ်​ကျ​နဲ့ ပ​ရီ​အော်​ဒါ​တောင် ရ​နေ​ပြီ။




ရှင်​မား​ရု

2 comments:

Han said...

မှာရင်ကောင်းမလားစဥ်းစားနေတာ …
သတင်းကောင်းအတွက် ကျေးဇူးပါဘုရား …
:D

Lin said...


တပည့်တော်တို့ရပ်ကွက်မှာ အားလုံးမှာ ပြီးကြပြီ။
:P