ဘဝနိကန္တိက
အကြောင်းပြပြီး
နာနာကျင်ကျင် သာယာနေသရွေ့
ဘာဆေးသောက်သောက် မပျောက်ပါဘူး
မျက်လုံးဖွင့်ပြီး မိုက်ရဲရင်
အရပ်ထဲမတော့ လူစွမ်းကောင်း
ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းအကြောင်း သိချင်ရင်
ငါးပါးသီလမလုံတဲ့ မြေခွေးကို မေး
အဲသလို
ကိုယဉ်ကျေး မယဉ်ကျေးတွေပဲ
ကမ္ဘာကြီးကို
ပြားပစ်နေတာ...
ရှူရှိုက်တတ်ရင် မဂ်ကျတဲ့ခေတ်
ဖိုးသိကြားတို့ ရပ်ကွက်သစ်မှာ
အရစ်ကျနဲ့ ပရီအော်ဒါတောင် ရနေပြီ။
ရှင်မားရု
2 comments:
မှာရင်ကောင်းမလားစဥ်းစားနေတာ …
သတင်းကောင်းအတွက် ကျေးဇူးပါဘုရား …
:D
တပည့်တော်တို့ရပ်ကွက်မှာ အားလုံးမှာ ပြီးကြပြီ။
:P
Post a Comment