အရွယ်ရောက်လာတာနဲ့အမျှ ပလီတတ်လာတယ်
ဂျပန်တွေလို ချောကလက်စားတယ်
(ဒါမှဟုတ်)
မဂ်ဖိုလ်နိဗ္ဗာန်ရင်လည်း
မြန်မြန်ရောက်ပါမှ…။
မက်ဆေ့ချ်ဘောက်က ကြောြငာတွေလည်း ပလီတာပဲ
သွေးစွန်းညတွေဟာ
လပြည့်လကွယ်မှားနေတာ ကြာပေါ့
ဝဋ်နာကံနာဆိုတာ
တော်ရုံပါရမီနဲ့ မလုံလောက်ဘူးရယ်။
လက်ထဲမိုက်ရောက်ရင် သူရဲကောင်းဖြစ်တယ်
သူရဲကောင်းပေါသလောက်
အမြဲရှုံးတယ်
အိပ်မွေ့ချခံထားရတဲ့ တိုင်းပြည်ကြီးသာ
ပလီတတ်ရင် သိပ်ကောင်းမှာ..။
ရှင်မားရု
၁၅၀၃၂၀၁၅
5 comments:
မဂ်ဖိုလ်နိဗ္ဗာန်ရင်လည်း မြန်မြန်ရောက်ပါမှ
ပလီ king ရင်ဖြစ်ပါမှ
ပလီ king ရင်ဖြစ်ပါမှ (ကိုယ့်ကိုယ်ကိုပြောတာ)
:D
ဝဋ်နာကံနာဆိုတာ တော်ရုံပါရမီနဲ့ မလုံလောက်ဘူးရယ
အဲဒီဂျပန်တွေကတပည့်တော်ရဲ့တပည့်တွေဘုရား …
:P
Post a Comment