Thursday, February 26, 2015



တကယ်လို့
ဖုံးဖိထားတဲ့ ကိလေသာတွေ 
လေလံတင်ရင် ဘယ်သူတွေများ စိတ်ဝင်စားမလဲ
ထင်ရှားသည့် အမှတ်အသားမှာ ဟန်ဆောင်ရခြင်းစစ်စစ် 
ရဟန်းတစ်ပါးရဲ့ အခြားတစ်ပါးသော နာမည်ဟာ
ကော်ဇောနီပေါ်က “ဘရက်ဒလေ ကူးပါ “ 
ဖြစ်လည်း ဖြစ်ချင်တယ် ဖြစ်လည်းမဖြစ်သင့်ဘူး
တေ့လွဲခဲ့ရသော အော်စကာများ…။
ဘဝမှာ ဘာဖြစ်ချင်လဲလို့ 
ဘယ်သူမှ မမေးဖူးဘူး
မောင်ချောနွယ်ကဗျာတွေ မဖတ်ဖူးဘူး
ဂိမ်းမဆော့ဖူးဘူး
ဆူရှီမစားဖူးဘူး 
ရန်သူ မရှိဖူးဘူး
အသဲမကွဲဖူးဘူး 
(သွေးလည်းမထွက်သလို သွေးလည်းမတိတ်တဲ့ 
ဒဏ်ရာတွေအကြောင်းတော့ မပါကြေး)
မြို့ထဲရောက်တဲ့အထိ
ခိုးဝင်လာတဲ့ ခွေးအတွေရဲ့ ခြေသံဟာ ကြောက်မက်ဖွယ်ရာ
သေကောင်ပေါင်းလဲမျက်ရည်တွေကြားက
အကမပျက်တဲ့ ဗာရာဏသီမြို့သားတွေကို အားကျတယ်
လူစုံသလောက်ရှိပါပြီ
ကြမ်းခင်းစျေးက စပြောကြရအောင်..။


ရှင်မားရု

(၂၅၀၂၂၀၁၅)

3 comments:

Thuta said...

ကဲ … မေးပြီ။
ဘာဖြစ်ချင်လည်း ဘုရား ?
ပုံ / ဗာရာဏသီမြို့သားကြီး
:D

Thila said...

Bradley Cooper လောက်များ …. ရှင်မားရု တို့က အိပ်ရေး မပျက် ….
သူသာ ရှင်မားရု ဖြစ်ဖို့ … ဒီတစ်သက် … တစ်သက် …
(ဆေးထိုးတာမဟုတ်ရပါ ဘုရား)

Han said...

Bradley Cooper လောက်များပျင်းသေး လုပ်ပါ ။
ထင်ရှားသည့် အမှတ်အသား = ဟန်ဆောင်ရခြင်းစစ်စစ်
မှတ်ပုံတင်ထဲမှာပြောင်းဖို့မမေ့နဲ့ဦး ဘုရား …။
:P