Monday, August 26, 2013


သန်း ၆၀ နဲ့ တစ်ယောက်
အလဲအထပ်က ကြီးတယ်
ဆန္ဒရှိရင် တရားတစ်ပုဒ်လောက် ဟောပါ
မထူးတော့ပြီမို့ ဝူး...တော့မလို့ ။

နာကျင်စရာကို ထုပ်ပိုးထားလေလေ
ပဋိစ္စသမုပ္ပါဒ်က 
ဝေဒနာမှာ ပြန်.စ..လေလေ
ညရောက်တိုင်း ယားယားနေမိ။

ခံစားမှုဝါဒီမှန်ရင် အဖော်နဲ့ မကင်းစကောင်း
ဘယ်သူများ ရပ်စောင့်နေမလဲ အဲဒီမှာ
ထောင်းလမောင်းထသွားတဲ့ အလွမ်းတွေ
သီချင်းတစ်ပုဒ် ဖြစ်ပါစေ ။

(ရှင်မားရု)

2 comments:

Crystal said...

အချိန်မှန်ယားတဲ့
ဝဲဖတ်လေးတွေ ခွာရင်း
အလွမ်းတေးတစ်ပုဒ်နားဆင်သွားပါတယ်...။
(အညတရတစ်ယောက်)

Lin said...

ဝူး ... :P