စိတ်တွေကို ဖွင့်လိုက်တယ်
အဝေးက ခေါ်သံဟာ တဒုန်းဒုန်း
နှစ်ဦးသဘောတူ မှားခဲ့တဲ့ ညကြီးမိုးချုပ်က
ခုထိ ခမ်းနားတုန်း...။
ရေဆာပြီး
ရေသောက်ဖို့ မေ့နေတဲ့အဖြစ်
မပြေးပဲ မောနေတဲ့သူလို
ညရဲ့ ခရီးခဲက ကျယ်ပြောချက်။
အဲဒီမိုးရေစက်တွေပေါ့
တစ်ခါတစ်ခါ သိပ်ယုတ်မာတယ်
၅၀ % ၅၀ အနေအထားမှာ
ဘယ်သူက ဘယ်သူ့ကို ဘာတွေနဲ့..။
သိတယ်မလား
မကောင်းမှုဆိုတာ
သူများလုပ်ရင်သာ ကြည့်ရဆိုး
ကိုယ်တိုင်ကျူးလွန်တော့ လှသကိုး..။
(ရှင်မားရု)
2 comments:
တံခါးတစ်ချပ် လှစ်ဟ..ကြည့်မိတော့
ဟော ..ဟိုးးးး အဝေးမှာ
ခမ်းနားစွာ လှပတဲ့တရား...
“စိတ်ဆိုသော စိတ်”။
မှောင်ချက် ... :)
Post a Comment