B-D

Saturday, August 25, 2012


လူလားမြောက်ပြီးတဲ့နောက်
နှုတ်ခမ်းမွေး မထားဖြစ်တော့တဲ့အကြောင်း
ဆတ္တာသည်တွေ ကြားရင် 
သာဓုခေါ်လေ
ဖုန်းထဲက ဓာတ်ပုံကို 
ဖွင့်ငေးမိတဲ့အခါ
အလိုလိုနေရင်း ၀မ်းနည်းလာ
အလိုလိုနေရင်း မွတ်သိပ်လာ
တရားမထိုင်ဖြစ်တဲ့ ရက်တွေလည်း 
ပါး လာတယ်။
ဒီလိုနဲ့
ပြက္ခဒိန်အချို့
စိမ်းကားလာ ...
တစ်ယောက်ယောက်ဖြစ်ဖြစ်
ပြောပေးနိုင်မလား
"အသက်တစ်နှစ်ကြီးလာတိုင်း
မှန် ရဲရဲမကြည့်ရဲတော့ဘူး မေမေ"

(မောနေယျ)
၂၅၀၈၂၀၁၂
ကျေးဇူးရှင်မိဘနှစ်ပါးနှင့်
ဆရာသမားများအား ကန်တော့ပါ၏

3 comments:

Anonymous said...


ဒါတော့...? ရဲရဲသာရင်ဆိုင်လိုက်ပါဘုရား ... :D

Han said...

Happy Birthday par Ashin Phayar
_/|\_ _/|\_ _/|\_

Han said...

Happy Birthday ပါ အရှင်ဘုရား _/\_ _/\_ _/\_