Saturday, July 28, 2012

(က)
လွမ်းပါတယ်
ဒါပေမယ့် အံကြိတ်ခံမယ်
ဖဿပစ္စယာ ဝေဒနာ တဲ့
ဖဘုရား ဟောကြားခဲ့တာ
အထင်အရှားလေ
အနေဝေးသွားတိုင်း
ကိလေသာတွေပါ လိုက်ဝေးရင်
ကြယ်တွေလည်း လွမ်းတတ်မှာ အသေအချာ…။

(ခ)
လှမ်းပါတယ်
ဒါပေမယ့် လမ်းခုလတ်မှာ လဲတယ်
စေတသိတ်အထူကြီးတွေ ထမ်းပိုး
ပိုးစိုးပက်စက်ဖြစ်တော့မှ
ထူသူကို မျှော်ငေး
မသေသေးရင်တော့ တစ်ခေါက်တွေ့ဖြစ်မယ်
လမ်းကလေးရေ…
မီးပွိုင့်ဘေးက ညနေရီကဖေးမှာ စောင့်နေ..။

(ဂ)
လေပါတယ်
ဒါပေမယ့် ပြေလည်အောင်နေမယ်
ရဟန်းတစ်ပါးရဲ့ နှုတ်ကပတ်တော်မှာ
ရင်ကွဲပက်လက် အဖြစ်သနစ်တွေ ပါလာရင်
အလိုမတူပဲ ကြေကွဲရတယ်လို့မှတ်..။
ဧရာဝတီရေ…
အငိုမျက်လုံးနဲ့သာ အာမင်ပါ
မနက်ခင်းတိုင်းဟာ လာခြင်းကောင်းသော အရှင်ဖြစ်ပါစေ..။

(မောနေယျ)

1 comments:

Anonymous said...

လန်းပါတယ် ...
လာခြင်းကောင်းသောအရှင်စကားလုံးတိုင်းဟာ ...