Saturday, July 7, 2012

(က)
သစ္စာတရားဆိုတာ
လူကြိုက်များပြီး အော်စကာ လွဲတဲ့ ဇာတ်ကားလို
ကြည့်လို့သာ ကောင်းတာရယ်
လက်တွေ့မှာ အရှေ့အနောက်ပမာ ခြားတယ်။


(ခ)
စေတနာအတုတွေ ၀ယ်တယ်
ဆံပင်အတုတွေ ၀ယ်တယ်
ယဿာနုဘာဝတော အတုတွေ ၀ယ်တယ်
ကဲ..အလကားရတာ ဘာရှိလဲ ပြော..!


(ဂ)
ဖုန်းတွေ ပိတ်ထားတိုင်း
တိတ်တိတ်လေးကြေကွဲနေတယ်ထင်လား
ပလီစိချောက်ချက်တွေ သွားပါကွယ်
သော ဘဂ၀ါ ဣတိပိနဲ့ ဘ၀ကို ညတိုင်း ဂွတ်နိုက်မယ်။

(မောနေယျ)

1 comments:

Anonymous said...

power ...!