Friday, June 1, 2012

အသက်ကို စက္ကူနဲ.ထုတ်ဖို.
 စသည်စသည် သံတူကြောင်းကွဲ
ထိုးမြဲလက်မှတ် ....
ထို.နောက်
X-rays ငါးကြိမ်နှင့်အတူ
တတ်သလောက် တရားပြလိုက်တယ်
ကိုယ့်စိတ်ကို.....။


ခိုးခိုးခစ်ခစ် ရယ်သံတွေကြားတယ် (နာ့စ်မလား)
ဟူး....ဆိုတဲ့ သက်ပြင်းမုန်တိုင်း တိုက်တယ် (ဆရာဝန်လား)
ယုံကြည်ကိုးစားစိတ်နဲ.အတူ
မျက်မှန်ကို ပိတ်လိုက်တယ်..။


မှတ် မှတ် အာရုံမှန်သမျှ ထပ်ကြပ်မကွာ
စကားပြန်မလေးက တတွတ်တွတ်
"ဒီလိုလူနာ တစ်ထောင် တစ်ယောက်ရှားတယ်"
ဗိုက်ကြီးက ဖောင်း ဖောင်းပြန်ပီ
ပိန် ပိန်ပြန်ပီ
ဟော ကြားရပြန်ပီ ခိုးခိုးခစ်ခစ်
အရဟံ အစ လောက၀ိဒူ အဆုံး
ဟင်...ကမ္ဘာကြီး လည်နေတာများလား
အား....နာတယ်ဆရာ...။


နောက်ဆုံး
သုံးနာရီကြာ ၀ဋ်နာ ကံနာ
ဗြုန်းကနဲ ကြယ်မြင် လပျောက်
တကယ်ပါ
ဘယ်သူဘယ်ဝါကို သတိရလိုက်သလိုလို....။

( မောနေယျ)
၂၈-၅-၂၀၁၂. ၅း၅၅

2 comments:

ခရစ္စတလ် said...

ပီယာဝေ့ ဝေဒနာ နုပဿနာ ...း)

Anonymous said...

ကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာပါစေ ဘုရား ...