Wednesday, January 11, 2012

အိပ်မက်အသိုးတွေ စားသုံးရင်း
ဘ၀ကို မသိကျိုးကျွန်ပြုတတ်သူ..

ကြယ်ကြွေသံကို နားစွင့်ရင်း
ညတွေကို တပ်မက်တတ်သူ..။

ခပ်ညံ့ညံ့ထဲမှာ နေထိုင်ရင်း
အမှန်တရားကို ရှာဖွေသူ..။

သူလိုကိုယ်လိုအဖော်ကို ဖက်တွယ်ရင်း
ဝိမုတ္တိလွင်ပြင်ဆီ ချီတက်သူ..။

ချစ်ခြင်း၊မုန်းခြင်း ပဋိပက္ခကြားမှာ
လူမသိ သူမသိ ရပ်တည်သူ..။

အဲဒါကို မောနေယျ လို့ 
(သူ့အဘိဓာန်က) ဆိုသတဲ့.။

(မောနေယျ)
၁၁.၁.၂၀၁၂

3 comments:

Crystal said...

ကောင်းလိုက်တဲ့ စကားလုံးတွေ (ဒီစာသားတွေနဲ့မှ အရင်ဆိုဒ်က စာတွေနဲ့ လိုက်တာ)

ခရစ္စတလ်လည်း အဲ့လို ပုံဖေါ်တတ်ချင်တယ်နော်... :)

THS said...

ကိုယ့် အဘိဓါန်နဲ့ကိုယ် ထုဆစ်ထားခြင်းက ပုံပေါ်လွန်းလှတယ် ဘုရား ..။

Lin said...

အကောင်းဆုံး အဘိဓာန်