Saturday, December 24, 2011

လူတိုင်းမှာ နားတွေနဲ့လေ
အခြေအနေ မတူတိုင်း
အတ္တနောမတိတွေ မပါကြေး ..။
သံသာထဲက မွေးဇာတာကို ဖျက်ဖို့အရေး
လူဝင်မှုကြီးကြပ်ရေးဆီ မသွားလည်း ဖြစ်တယ်..။
အရေးကြီးတာက
ခင်ဗျားကိုင်နေကျ စာအုပ်ကြီးတွေ ပြန်သိမ်းလိုက်ဖို့..။

“ဖွလိုက်တော့… ဖွလိုက်တော့”တဲ့
အာဘော်တွေကို ဇာချဲ့
ဆာဘွဲ့တောင် ပေးရတော့မလိုလို
အဲဒီ လူတတ်ကြီးတွေဟာ ငါတို့ကိုယ်တိုင် ဖြစ်တယ်…။
ငြိမ်းချမ်းရေးသမားတို့ရေ..
အမုန်းကြောင့်ဖြစ်သော စစ်ပွဲမို့
ဘာသာရေးစင်မြင့်မှာ လက်ဝင်မလျှိုဖို့ လိုတယ်..။

ဟော့ဒီမှာ
အမုန်းကြောင့်ဖြစ်သော အမှန်တရားများ
………………………………………………..။

(မောနေယျ)

2 comments:

ခရစ္စတလ် said...

အမှန်တရားကြောင့် ဖြစ်သော အမုန်းများ။
တနေ့ သေမှာပဲ ဘာလို့ မုန်းနေအုံးမလဲ။
ခရီးတိုချင်တယ်ဆို အမုန်းတွေ ဥပက္ခာပြုကြစို့ရဲ့နော်............။

Lin said...

ဖွဘုတ်ကိုပြောတာလား ဘုရား ... :)